မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား
မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား သည် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့အား ဆက်သွယ်ရန် သောင်ရင်းမြစ်ပေါ်တွင် ဆောက်လုပ်ထားသော တံတားဖြစ်သည်။ ၁၉၉၇ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၄၂၀မီတာ ရှည်လျားကာ ၁၃မီတာ ကျယ်ဝန်းသည်။ ဤတံတားသည် AH 1 ပေါ်ရှိ အရေးပါသော တံတားဖြစ်သည်။ ၂၀၁၉ခုနှစ်တွင် အမှတ် (၂)တံတားကို ဖွင့်လှစ်ခဲ့ပြီးနောက် အမှတ် (၁)တံတားအား လူနှင့် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပေးတော့သည်။
Read article